“With Dear Anon, you have a safe space to share, get support, and receive advice, all with understanding and no judgment.”
Little Lighthouse (LLH) is a youth organization mainly focuses on content creation, which involves sharing knowledge and essential basic skills in life for young minds to be happy in life.
ABOUT USHave you ever wished for a space to freely share your stories, questions, or thoughts without fear of judgment? Dear Anon, powered by Little Lighthouse (LLH), is here for you!
More InfoEnjoy our works or would like to give valuable suggestion? Feel free to say in our Facebook page review!
REVIEWSAnon 001
အရင်ဆုံး ကျွန်မရဲ့ စိတ်အရမ်းမွန်းကြပ်နေတဲ့ချိန်မှာ ဒီလိုဖွင့်ထုတ်ပစ်စရာလေးတွေ့လို့ လာပြောဖြစ်တာပါ။ အဓိကကတော့ မိသားစုနဲ့ ကိုယ်တိုင်ကြောင့်ဖြစ်နေတဲ့ stress တွေပါ။ ကျွန်မက လိုတာထပ် ပိုပြီးကြောက်တတ်ပါတယ်...
To my dear Anon,
အရင်ဆုံး အခုလိုမျိုး ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ ပြဿနာတွေကို ကျွန်တော်တို့ဆီကို လာရောက်ဖွင့်ထုတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
အစ်မခံစားနေရတဲ့ မွန်းကြပ်မှုတွေက ကျွန်တော်တို့ လူငယ်တွေအတော်များများ ခံစားနေရတဲ့ အရာလေးတွေဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ Cupcakes လေးတွေ သိသလောက် တတ်သလောက် အကြံပေးသွားပါ့မယ်နော်။
အမှန်တော့ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခုခုဆို မပြောရဲ မဆိုရဲနဲ့ အကြောက်လွန်နေတတ်တဲ့သူမျိုးထဲမှာပါပါတယ်။ ဒီလို အကြောက်တရားကို ကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်အမြဲလုပ်တတ်တာက ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်ပေးတာပါ။ အမြဲ “ငါ ဒါကိုလုပ်နိုင်တယ်။ ငါတော်တယ်။ ငါမလုပ်နိုင်ဘူးဆိုတာကို ဘာမှမရှိဘူး” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့ Affirmation လေးတွေ ရွတ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစ်မပထမဆုံး လုပ်ရမယ့်အရာက ကိုယ့်ကိုယ်ကိုယ်ချစ်ပေး ယုံကြည်ပေးဖို့ပါ။ အစ်မကိုယ်အစ်မ ပိုချစ်လာတာနဲ့အမျှ တစ်ခုခုဆို စိတ်ထဲမှာ သူများထက် ကိုယ်ကပဲ အရင် နေရာယူလာမှာမို့ တခြားသူနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဥ်တွေးမိတာ လျော့ချနိုင်လာပါလိမ့်မယ်။
ဒါ့အပြင် စိတ်ကြည်လင်မှ ကိုယ်အေးချမ်းမှာမို့ သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်အောင် နေပြီး လေကောင်းလေသန့်ရှူတာတို့ ပြုလုပ်ကြည့်ပါနော်။ ဂီတသံလေးတွေလည်း နားထောင်ကြည့်ပါ။ ခန္ဓာကိုယ်ကိုလည်း သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်ပါ။ ကိုယ့်စိတ်ကိုလျော့ချလာနိုင်တာနဲ့ အမျှ ကြောက်စိတ်တွေဆီက ကင်းဝေးလာနိုင်မှာပါ။
နောက်တစ်ခုအနေနဲ့ မိဘနဲ့ ပတ်သက်ပြီး ရှိနေတဲ့ trauma တွေကို သေချာအသေးစိတ်ပြန်ဆန်းစစ်ကြည့်ပါ။ ကိုယ့်စိတ်ထဲမှာ ဘာက ဒဏ်ဖြစ်နေတာလဲ ဆိုတာ သေချာသိတဲ့အခါ အဖေကြောင့်ဖြစ်တာမျိုးဆို အမေနဲ့ ဒီအကြောင်းကို ရင်ဖွင့်ပြီး တိုင်ပင်ကြည့်ပါ။ အမေက ကိုယ့်စိတ်ကို ပေါ့ပါးလာအောင် ကူညီပေးနိုင်တာကို မမေ့ပါနဲ့နော်။ ပြီးရင် ကိုယ့်ကို အဲ့ဒီ trauma ခံစားရစေတဲ့သူနဲ့ တိုက်ရိုက် စကားပြောဖို့ ကြိုးစားကြည့်သင့်ပါတယ်။ သူ့ဘက်မှာလည်း ကိုယ့်ကို ပြန်ပြီးပေးနိုင်မယ့် ဖြေရှင်းချက်တွေ ရှိကောင်းရှိနိုင်ပါတယ်နော်။
နောက်ဆုံးအနေနဲ့ မိဘကတော့ ကိုယ့်ကို အပြင်ထွက်ရင် တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ တားဆီးနေတယ်ဆိုတာကို နားလည်ပေးရပါမယ်။ ကိုယ့်ဘက်ကနေ ဘာလို့ သွားရတယ် လာရတယ်ဆိုတာကို သေချာနားလည်အောင် ပြောပြကြည့်ပါ။ ကိုယ်က ကိုယ့် career အတွက် လိုအပ်တာတွေ လေ့လာဖို့ ထွက်ရတာ ဘာညာဆို “ ဘာပဲဖြစ်ဖြစ် သွားခိုင်းမှာ မဟုတ်ပါဘူး ” ဆိုပြိး ကြိုတွေးကြောက်မနေဘဲ ရိုးရိုးသားသားနဲ့ အမှန်တိုင်း ရှင်းပြပေးကြည့်ပါ။ ကိုယ့်ကိုလည်း ကိုယ့်မိဘက တဖြည်းဖြည်းနဲ့ နားလည်လာပါလိမ့်မယ်။
ဒါကြောင့်မို့ အစ်မကို ထပ်ဆောင်းမှာချင်တာကတော့ မtry ကြည့်ဘဲ ကြိုတွေးပြီး လက်မလျော့လိုက်ပါနဲ့။ စိတ်ကို ကြည်လင်စေမယ့် အရာတွေကို များများလုပ်ပေးပါနော်။ အစစအရာရာ အဆင်ပြေလာဖို့ ဆုတောင်းပေးပါတယ်ဗျ။ Fighting ပါနော်။ 💪
LLH
Anon 002
I feel devastated when I found out that my crush already has a boyfriend. What should I do to heal myself???
Dear Anon,
First of all, most of us have someone who can't love us the way we love them. And I know—it hurts. That ache in your chest, the weight of unspoken words, the longing for something that was never yours to hold. You are not alone in this.
Finding out that someone you like is already in a relationship can be painful, and it's okay to feel upset. Your emotions are real, and they matter. Let yourself feel them—cry if you need to, write it all down, scream into a pillow. Heartbreak is heavy, but carrying it alone makes it even heavier. Sometimes, crushes make us idealize people or relationships, but love should be mutual and fulfilling. You deserve to be chosen, not just wished for.
This experience, while painful, is not the end. It's just one chapter, and though it may not seem like it now, you will grow from this. While you might not feel better immediately, small steps can help. Try to engage in things that bring you joy or fulfillment—whether it's a hobby, spending time with supportive friends, or simply taking care of yourself. Even the smallest acts of self-love will remind you that you are worth loving.
And when the time is right, you'll find love that is mutual, respectful, and fulfilling. One day, you'll look back at this moment and realize it was just a stepping stone leading you to something better. Because the right person will come along—the one who sees you, chooses you, and loves you the way you deserve.
Here's a reminder: What's not meant for you will never stay, but what's truly yours will always find its way.
And Please remember—You don't have to face this pain alone. We will always be here, ready to listen whenever you need to talk.
With all my heart,
Someone who believes in you 🩵✨
Song recommendation :“Stronger by Kelly Clarkson”
LLH
Anon 003
I miss him,so badly. So လွတ်လွတ်လပ်လပ်ပြောပြလို့ရနိုင်မယ်လို့မျှော်လင့်ပါတယ်။ အချစ်ဦးနဲ့အချစ်ရဆုံးတစ်ယောက်အကြောင်းပေါ့၊ ကိုယ်တို့နှစ်ယောက်အကြောင်းစပြောပြရရင် ကိုယ်တို့က ငယ်သူငယ်ချင်းလို့ခေါ်လို့ရတဲ့ ဆက်ဆံရေးအောက်မှာရှိပါတယ်။ ဒါပေမဲ့အဆက်အသွယ်မပြတ်ရှိနေခဲ့တာမျိုးမဟုတ်ဘဲ ဒုတိယတန်းတည်းကစပြီးဝေးသွားခဲ့ရတာ...
သို့…ချစ်ရပါသော Anon လေးရေ။
“အချစ်ဦးဆိုတာ ပေါင်းဖက်ရရိုး ထုံးစံမရှိ။” ဆိုတဲ့ အယူအဆက လက်မခံချင်လဲ လက်ခံရတော့မဲ့ အရာတစ်ခုလိုတောင် ဖြစ်နေပြီထင်ပါတယ်။ အတွေ့အကြုံ မရှိသေးတဲ့ ကိုယ်တွေရဲ့ နှလုံးသားကို ဆူနာမီကြီး ဖြတ်တိုက်သွားသလို ရင်တွေ တလှပ်လှပ် ခုန်အောင် ပထမဆုံးလုပ်နိုင်ခဲ့တဲ့သူ၊ ရုပ်ရှင်တွေထဲမှာသာ မြင်နေကျ ချစ်သူရည်းစားတွေ လုပ်တတ်တဲ့အရာတွေကို သူနဲ့ အတူလုပ်ကြည့်ချင်လိုက်တာဆိုပြီး စိတ်ကူးတွေယှဥ်မိအောင် ပထမဆုံးပြုစားနိုင်တဲံ့သူ။ ပထမဆုံးတွေ များလွန်းလို့ နောက်ဘယ်နှစ်ကြိမ်ဖြစ်ဖြစ်၊ ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် တိုက်ဆိုင်မှုတွေရှိတိုင်း သူကို အရင်ဆုံး တွေးမိစေဖို့အတွက် ကိုယ်တွေနဲ့ ဝေးကွာသွားကြရတဲ့သူတွေမို့ လွမ်းမိတယ်ဆိုတာ မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။
ပြန်တမ်းတမိနေတဲ့ အမှတ်တရတွေအားလုံးက သူ့ကို တကယ်ချစ်ခဲ့ပြီး သူနဲ့ရှိခဲ့တဲ့အချိန်တွေကို တန်ဖိုးထားလို့ပဲလေနော်။ ဒါကြောင့်မို့ Anon လေးရဲ့ သူ့ကို လွမ်းလွန်းလို့ စကားပြောချင်တဲ့စိတ်၊ ထပ်တွေ့ချင်မိတဲ့စိတ်ကို အပြည့်အဝနားလည်ပေးနိုင်ပါတယ်။
လူတိုင်းကတော့ ကိုယ်တန်ဖိုးထားရတဲ့ အမှတ်တရတွေကို ဖက်တွယ်ထားချင်ကြတာပါပဲ။ ဒါပေမဲ့ အခုချိန်မှာ Anon လေး ကိုယ်တိုင်လဲ “အချစ်က ရယူခြင်းမဟုတ်ဘဲ ကိုယ်နာကျင်နေရရင်တောင် သူကောင်းဖို့အတွက် လက်လွှတ်ပေးသင့်တဲ့အရာ” လို့ လက်ခံထားပြီဆိုထဲက ဒီနာကျင်နေရတဲ့ လွမ်းဆွတ်မှုကနေ လွတ်မြောက်နိုင်ဖို့ နီးစပ်လာတဲ့ အနေအထားပါနော်။
နောက်တစ်ဆင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကော “ငါ့ကိုငါ ဘယ်လောက်ချစ်ပေးခဲ့လဲ” မေးကြည့်သင့်ပါတယ်။ ဒီအတောအတွင်း သူကို ချစ်ပေးခဲ့လို့၊ တမ်းတနေခဲ့ရလို့ အချိန်တွေ အများကြီးကုန်ခဲ့ပြီးပြီမလား။ ကိုယ့်ရဲ့ အတိတ်က အမှတ်တရကို လုံးဝမလွှတ်ချနိုင်သေးရင်တောင် အခုကစပြီး ကိုယ့်အတွက်ကိုယ် အမှတ်တရ အသစ်တွေ ဖန်တီးဖို့ ပစ္စုပန်က အခွင့်အရေးတွေ ပေးနေပါသေးတယ်။ အချစ်တစ်ခုရဲ့အဆုံးဟာ လူတစ်ယောက်ရဲ့အဆုံးမဟုတ်ပါဘူးနော်။ ကောင်းမွန်လှပတဲ့အရာတွေက ဒီနေ့ကော မနက်ဖြန်ကော ရောက်ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ အခုချိန်မှာ self-love တည်ဆောက်ပြီး ကောင်းမွန်တဲ့အရာတွေ ရှာဖွေတာက Anon လေးလုပ်နိုင်တဲ့ အကောင်းဆုံးအရာဖြစ်ပါလိမ့်မယ်။
လောကမှာ နေရတာက တိုပါတယ်ဆိုပြီးတော့ စာဆိုတွေ ပြောကြသလိုတော့ မဆိုချင်ပါဘူး။ ဒါပေမဲ့ ဒီနေ့အတွက် ပျော်အောင်အရင်နေတတ်ဖို့တော့ ကြိုးစားစေချင်ပါတယ်။ လူ့ဘဝကို မြူတွေဖုံးနေတဲ့ လမ်းတစ်ခုလို့ မြင်ကြည့်လိုက်ရင် ကိုယ်မမြင်ရတဲ့ လမ်းအဆုံးထိ တွေးနေဖို့ မလိုသေးဘူးဆိုတာ နားလည်လာမှာပါ။ ဒီလမ်းတစ်လျှောက် ဘာတွေရှိနေမလဲဆိုတာ ကိုယ်အပါအဝင် ဘယ်သူမှ မသိနိုင်ပါဘူး။ ဆိုတော့ ကိုယ့်ဘဝထဲ ခဏပဲဖြစ်ဖြစ် ပျော်ရွှင်မှုတွေ ပေးခဲ့ဖူးတဲ့သူကို စွဲလန်းမှု တပ်မက်မှု အတ္တတွေမပါဘဲ တန်ဖိုးထားမှုတွေနဲ့ မှတ်ဉာဏ်တွေထဲသာ ခေါက်သိမ်းထားလိုက်ပြီး အခု ကိုယ်သွားနေတဲ့လမ်းမှာ ကိုယ့်အတွက်ကိုယ် အမှတ်တရအသစ်တွေ ဖန်တီးကြည့်ရင်းနဲ့ ဆက်လျှောက်သွားကြည့်ပါ။ ဘယ်သူသိနိုင်မှာလဲ။ ဒီလမ်းကြီးရဲ့ လမ်းသွယ်လေးတွေမှာ ကိုယ့်အတွက်တန်ဖိုးရှိတဲ့သူတွေ၊ ကိုယ့်ကိုချစ်ပေးနိုင်တဲ့သူတွေ ထပ်တွေ့နိုင်မလားဆိုတာ။
ဒါကြောင့် သူတို့နဲ့ တွေ့တဲ့အခါ “ငါက ဒီလမ်းတစ်လျှောက် ဘယ်လိုပျော်စရာတွေ ကြုံလာခဲ့ရတာ” ဆိုပြီး ကိုယ့်အပျော်တွေကို ပြန်ပြောပြရင်း သူများကိုပါ ကူးစက်စေဖို့ ရှင်သန်ကြည့်ပါ။
အဲ့လိုပျော်စရာတွေ ရှာရင်း ပင်ပန်းလာတဲ့အခါ လမ်းမှာဘယ်သူကိုမှ ပြောပြစရာမတွေ့ဘူးဆိုရင် ကျွန်တော်တို့က Anon လေးရဲ့ ဘယ်လို နာကျင်မှုမျိုးကိုမဆို နားထောင်ပေးဖို့ အသင့်ရှိနေတယ်ဆိုတာကိုလဲ မမေ့ပါနဲ့နော်။
With all my heart,
Someone who believes in you 🩵✨
Song recommendation : “Who says” by Selena Gomez
LLH